အဝေးမှသင်သော ကျောင်းရက်တစ်ရက်ဟာ ဘယ်လောက်ကြာရှည်သင့်သလဲ။

ဤဆောင်းပါးသည် မဖြစ်ပျက်ဖူးသော စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပညာရေးဟူသော အစီအရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အပတ်စဥ်တိုင်း အန်းန်း ဗင်ဆန်ဟာ သူမရဲ့ကျောင်းကလိုအပ်တဲ့ အဝေးမှသင်သော သင်ကြားမှုစာရင်းရှည်ကြီးမှာရှိတဲ့ အကြောင်းအရာတစ်ခုချင်းစီ ပြီးဆုံးကြောင်း အမှတ်အသားပြုရေးခြစ်ပါတယ်။

ပထမဆုံး သူမဟာ သူမရဲ့ ဒုတိယတန်းကျောင်းသားကျောင်းသူ ၂၂ ယောက် စာအသံထွက်ဖတ်ပြီး ဂိမ်းကစားတဲ့ နေရာဖြစ်သော လူမှုဆက်ဆံရေးအတွက် အတန်းတွင်းအစည်းအဝေးနှစ်ခုကို အချိန်သတ်မှတ်ပါသည်။ ပြီးနောက် အုပ်စုငယ်ဖွဲ့စာဖတ်ခြင်းနှင့် သချင်္ာအတန်းများကို စီစဥ်ပါတယ်။ ထို့နောက် သူမဟာ Zoom ဖြင့် ကျောင်းသားအများကို တစ်ချိန်တည်းမှာ live stream ဖြင့် သင်ကြားပေးသော နှစ်နာရီအပြည့်ဆက်တိုက် စာသင်ကြားမှုမတိုင်ခင်မှာ ပုံမှန်ရုံးတက်ချိန်အတိုင်း အရန်သင့်အနေအထားနှင့် ထိုင်နေပါတယ်။

ရှေးရိုးစဥ်လာစာသင်ခန်းတွေမှာ အချိန်ကပုံမှန်ဖြစ်ပြီး သင်ကြားမှုကပြောင်းလဲနိုင်တယ်။ အွန်လိုင်းစာသင်ခန်းတွေမှာ အချိန်ကပြောင်းလဲနိုင်ပြီး သင်ကြားမှုကပုံမှန်ဖြစ်တယ်။

ကျောင်းသားကျောင်းသူများကို ဒဏ်ခတ်သည့်အလား သင်ခန်းစာများဖြင့် အလုပ်ပိနေစေ၍ မိဘများကို ကျေနပ်စေရင်း ပုံမှန်ကျောင်းတက်ချိန်နှင့် အနီးစပ်ဆုံးတူအောင် ခုတ်ထစ်ထုဆစ်ထားတဲ့ ပင်ပန်းဖွယ် အချိန်ဇယားကြီးပါလေ။

“Zoom အသုံးပြုချိန် ပိုမိုလိုအပ်လာမှုကြောင့် ကျွန်မမှာ ကျောင်းသားတွေကို တုံ့ပြန်မှု (feedback) ပေးချိန်တောင် မရဘူး” လို့ သူမရဲ့ အလုပ်အကိုင်လုံခြုံမှုအတ္ွက် အမည်လွှဲထားသော နိုင်ငံတကာကိုယ်ပိုင်ကျောင်းတစ်ခုမှ ဆရာမတစ်ဦးဖြစ်သူ ဗင်ဆန်က ဆိုပါတယ်။ “ဒါဟာ ဆရာ၊ ဆရာမတွေကို အားအင်ကုန်ခန်းပင်ပန်းစေပါတယ်။” ဒါဟာ ကျောင်းသားများအတွက်လည်း ခက်ခဲပင်ပန်းစေပါတယ်။ ရွေးချယ်နိုင်တဲ့ Zoom အတန်းတွေကို တက်ဖို့စာရင်းပေးထားရင် သူတို့ဟာ အွန်လိုင်းအတန်းများကိုတက်ခြင်းနှင့် အိမ်စာလုပ်ခြင်းတို့အတွက် နေ့စဥ် ၄ နာရီအလွန်ဆုံး အချိန်ကို အသုံးပြုနိုင်ကြပါတယ်ဟု သူမက ဆိုပါတယ်။

ကမ္ဘာပေါ်က တခြားဆရာ၊ဆရာမတွေလိုပဲ ဗင်ဆန်ဟာ သူမရဲ့ ကလေးတွေ ဖန်သားပြင်ကို ကော်ကပ်သလို ကြည့်ပြီး ဒီအချိန်တွေအားလုံးကို ကုန်ဆုံးစေရတာ ဖွံဖြိုးမှုဆိုင်ရာမှာ သင့်လျော်ရဲ့လားလို့ သူမ စဥ်းစားပါတယ်။ မသင့်လျော်ရင်တော့ ရှေးရိုးစဥ်လာ ၆ နာရီ၊ သို့မဟုတ် ၇ နာရီကြာ ကျောင်းတစ်နေ့တာရဲ့ ပုံစံတွေကို လုံးဝ ပယ်ဖျက်ပြီး၊ ကျောင်းအလုပ်မှာ ကျောင်းသားတွေ ဘယ်လောက် အချိန်များများ အသုံးပြုသင့်သလဲလို့ ဆက်ပြီး မေးခွန်းထုတ်ပါတယ်။

ပိုမိုတိကျတဲ့ အဖြေတွေကို ပေးစွမ်းနိုင်ရန် ကြိုးပမ်းမှုတစ်ခုအနေနှင့် ဒေသများ၊ ကျောင်းများနှင့် လက်တစ်ဆုပ်စာ ပြည်နယ်များဟာ တစ်နေ့တာကျောင်းချိန်ကို ကျောင်းသားကျောင်းသူများ လုပ်ဆောင်နိုင်၊ အကျိုးဖြစ်ထွန်းနိုင်တဲ့ အရာတစ်ခုအဖြစ် ပြုပြင်ပုံသွင်းရန် လမ်းညွှန်ချက်များ ထုတ်ပြန်နေပြီဖြစ်ပါတယ်။ သို့သော်လည်း အချိန်နှင့် ပတ်သတ်သော အကြံပြုထောက်ခံချက်များမှာ ကွဲလွဲနေကြပြီး သူတို့ရဲ့ မူလဇစ်မြစ်မှာ ဝေဝါးနေပါတယ်။

သဘောထားကွဲလွဲမှုကို ထပ်ဆောင်းဖြည့်စွမ်းတာက အချိန်ကို အင်မတန် အရေးပေးခြင်းဟာ အဝေးမှသင်ယူခြင်းရဲ့ အခြေခံသဘာဝနဲ့ သွေဖီနေတယ်လို့ဆိုတဲ့ ကျွမ်းကျင်ပညာရှင်တွေပါပဲ။

အတိုချုပ်ပြောရလျှင်၊ အွန်လိုင်းသင်ယူမှုဟာ ကျောင်းသားတစ်ယောက် ဘယ်လောက်အချိန်တိုတို သို့မဟုတ် ဘယ်လောက်အချိန်ကြာကြာ ခုံပေါ်မှာထိုင်နေပါစေ၊ သင်ယူရမယ့် အကြောင်းအရာရဲ့ ပိုင်နိုင်ကျွမ်းကျင်မှုကို အားပေးတဲ့ ပညာပေးဝေခြင်းစံပြပုံစံဖြစ်တယ်လို့ အင်ဒါဟိုပြည်နယ်ရှိ ဘွိုက်စ်ပြည်နယ်တက္ကသိုလ်မှ K 12 levelကို အဝေးမှထိရောက်စွာသင်ယူခြင်း ကို လေ့လာခဲ့တဲ့ ပါမောက္ခ ကယ်ရီ ရိုက်စ်က ရှင်းပြပါတယ်။ “သင် ဒါကို ဒီလို ရိုးရှင်းတဲ့ နည်းလမ်းနဲ့ စဥ်းစားနိုင်ပါတယ်။ ရှေးရိုးစဥ်လာစာသင်ခန်းတွေမှာ အချိန်ကပုံမှန်ဖြစ်ပြီး သင်ကြားမှုကပြောင်းလဲနိုင်တယ်။ အွန်လိုင်းစာသင်ခန်းတွေမှာ အချိန်ကပြောင်းလဲနိုင်ပြီး သင်ကြားမှုကပုံမှန်ဖြစ်တယ်။

ပြောင်းလဲမှု လမ်းညွှန်ချက်များ

ဒီလိုဆိုပေမယ့် တစ်ချို့အရာတွေကတော့ တစ်သတ်မှတ်တည်း ဖြစ်နေရပါမယ်လို့ ရိုက်စ်က ဆိုပါတယ်။ တစ်ခုကတော့ သင်ကြားမှုကြာမြင့်ချိန်ဟာ ဖွံ့ဖြိုးမှုအတွက် လျော်ကန်သင့်မြတ်ရမယ်။ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ရာ မိဘတွေပါဝင်ပတ်သတ်ဖို့ သိပ်မလိုတဲ့၊ သက်ပိုကြီးတဲ့ ကျောင်းသားတွေနှင့် ယှဥ်လိုက်လျှင် ပိုငယ်တဲ့ ကျောင်းသားတွေဟာ အာရုံစူးစိုက်နိုင်ချိန် ပိုမိုတိုတောင်းပါတယ်။

ဒါကို အဆုံးသတ်ဖို့ လက်တစ်ဆုပ်စာရှိတဲ့ ပြည်နယ်ပညာရေးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ် သင်ယူမှုအစီအစဥ်အတွက် အတန်းတစ်ခုစီအတွက် ကျောင်းအလုပ်အတွက် ကြာချိန်နာရီပေါင်းကို သတ်မှတ်ပြဌာန်းရင်း မတူညီတဲ့လမ်းညွှန်မှုပေါင်းစုံကို ထုတ်ပြန်ခဲ့ကြတယ်။

လူမှုကွန်ယက်ပေါ်မှာ ဆရာ၊ဆရာမများက ကျယ်ကျယ်ပြန့်ပြန့် ကိုးကားကြတဲ့ အစီအစဥ်ကို ပြုလုပ်သော အီလီနွိုက်စ်ပြည်နယ်က အထက်တန်းကျောင်းသားကျောင်းသူများ တစ်ဘာသာလျှင် ၄၅ မိနစ်နှုန်းဖြင့် အားလုံးပေါင်း ၄ နာရီ ၃၀ မိနစ် အများဆုံး လုပ်နိုင်ချိန်တွင် ပိုမိုငယ်ရွယ်သောကျောင်းသားကျောင်းသူများကို တစ်ရက်လျှင် ၉၀ မိနစ်ထက် မကျော်လွန်ဘဲ တာဝန်ပေးရန် ကျောင်းများကို အကြံပေးပါတယ်။ ကန်းဆပ်စ်ပြည်နယ်ကတော့ အထက်တန်းကျောင်းသားကျောင်းသူများ အစိုးရကျောင်းချိန်သတ်မှတ်မှုထဲမှာ လူကြိုက်များတဲ့ ၃ နာရီကြာအလုပ်ကို ထမ်းရွက်နိုင်စဥ်မှာ K1 ကျောင်းသားများကတော့ တစ်ရက်လျှင် ၄၅ မိနစ်သာ အလုပ်လုပ်နိုင်တယ်လို့ မျှော်လင့်ပါတယ်။

တခြားပြည်နယ်တွေကတော့ လမ်းညွှန်မှုဟာ ဒီမှာတင် အဆုံးမသတ်ပါဘူး။ အိုကလာဟိုးမားပြည်နယ်နှင့် အော်ရီဂွန်ပြည်နယ်တို့က စာဖတ်ခြင်း၊ သချင်္ာနှင့် အပိုဆောင်းသင်ကြားမှုဖြစ်တဲ့ နေ့စဥ်မှတ်တမ်းရေးခြင်း၊ သို့မဟုတ် လက်မှုပညာတို့အတွက် အချိန် အပါအဝင်၊ အတန်းနှင့် ဘာသာရပ်တို့အတွက် အကြံပြုချက်များကိုပေးတဲ့ ပိုပြီးအသေးစိတ်ကျတဲ့ အစီအစဥ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

တခြားပြည်နယ်တွေကတော့ မတိကျပါ။ မန်ဆာချူးဆက်ပြည်နယ်ကတော့ အကြမ်းဖျင်းအားဖြင့် ပုံမှန်ကျောင်းရက်တစ်ရက်ရဲ့ တစ်ဝက်လောက်ကြာမြင့်တဲ့ “အဓိပ္ပါယ်ရှိပြီး အကျိုးဖြစ်ထွန်းတဲ့ သင်ယူမှု”ဟု ထုတ်ပြန်ပါတယ်။ နောက်ပြီး ပြည်နယ်အများစုက ဒီအကြောင်းအရာနှင့် ပတ်သတ်ပြီး လုံးဝ ဘာလမ်းညွှန်ချက်မှ မထုတ်ပြန်ပါဘူး။

ထပ်ဆောင်းပြောရလျှင် အလုပ်ပမာဏ ဘယ်လောက်က သင့်လျော်သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ခိုင်မာတဲ့ သဘောတူညီမှု မရှိသလို မကြာခင်မှာလည်း ရှိလာဖို့ မဖြစ်နိုင်လောက်ပါ။ “ဘယ်ပြည်နယ်နှစ်ခုကမှ မတူညီပါ” လို့ နိုင်ငံလုံးဆိုင်ရာပြည်နယ်ပညာရေးဘုတ်အဖွဲ့များအစည်းအရုံးရဲ့ CEO ဖြစ်သူ ရောဘတ် ဟောလ်က ဆိုပါတယ်။ “သူတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းတည်ဆောက်ပုံ ကွဲပြားတယ်။ သူတို့ရဲ့ မူဝါဒတွေ ကွဲပြားတယ်။ သူတို့ရဲ့ ဥပဒေတွေက ကွဲပြားတယ်။ ပြီးတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အဆင့်တွေ ကွဲပြားတယ်။”

ဘယ်ကလေး၊ ဘယ်အတန်းမဆို၊ တစ်နေ့လုံးအတွက် ကျောင်းအလုပ်မှာ ၉၀ မိနစ်ထက် မပိုသင့်ပါဘူး။ ဒါဟာ ကျွန်မရဲ့ ကျောင်းချိန် ကိန်းဂဏန်းပါပဲ။ ဒါ ကျွန်မ စဥ်းစားတီထွင်ထားတာပါ။ ပြီးတော့ ရှင်တို့ ဘယ်ကိန်းဂဏန်းကိုပဲတွေ့တွေ့၊ ဒါဟာ တစ်ယောက်ယောက်က စဥ်းစားတီထွင်ထားတာပါပဲ။” (အဲလစ် ကီလာ)

ဆိုလိုတာက အကြံပြုထောက်ခံချက်တစ်ချို့ဟာလည်း အတည်ပြုလို့မရဘူးဆိုတာပါ။ အီလီနွိုက်စ်နှင့် အိုကလာဟိုးမားလို ပြည်နယ်တွေမှာဆိုရင် အဝေးမှသင်ယူခြင်းလမ်းညွှန်ချက်တွေဟာ ပြဌာန်းမှုတစ်ခု မဟုတ်ဘဲ အကြံပြချက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ဆုံးထိန်းချုပ်မှုကတော့ ကျောင်း၊ သို့မဟုတ် ဒေသအဆင့်မှာ တည်ပါတယ်။

အသေးစိတ်နေ့စဥ်အချိန်ဇယားတွေနှင့် ပြည့်နေတဲ့ သူ့ရဲ့ ဒစ်ဂျစ်တယ်သင်ယူမှုအစီအစဥ်ကို ဒေသတွေအတွက် “မျှော်လင့်ချက်”အဖြစ် ပြည်နယ်ပညာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖော်ပြခဲ့တဲ့ အော်ရီဂွန်ပြည်နယ်ကတော့ ဒီလိုမဟုတ်ပါပေ။ ဒီအစီအစဥ်အရ ကျောင်းရက်တွေဟာ အထက်တန်းကျောင်းသားများအတွက် သူတို့ရဲ့အချိန်ကို ဒစ်ဂျစ်တယ်သင်ယူမှု (၃ နာရီ)၊ စာဖတ်ခြင်းနှင့် လက်မှုပညာကဲ့သို့သော ထပ်ဆောင်းဘာသာရပ်များ (၂ နာရီ)၊ ပြီးတော့ အစားအစာများ၊ လက်ဆေးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုတွေပါဝင်တဲ့ အာဟာရနှင့် ကျန်းမာရေး နားချိန် (၂ နာရီ)တို့ကို အပြည့်အဝအသုံးချမယ်ဆိုလျှင် အများဆုံး ၇ နာရီကြာနိုင်ပါတယ်။

ဟောလ်ရဲ့ အဆိုအရ ရှုပ်ထွေးစေတဲ့ အဓိကအရာဟာ “ဒစ်ဂျစ်တယ် ခြားနားမှု” လို့ခေါ်တဲ့အရာ၊ သို့မဟုတ် တချို့ကျောင်းသားတွေမှာ တခြားကျောင်းသားတွေထက် ပိုမိုများပြားတဲ့ စက်ပစ္စည်းတွေနှင့် ပိုမိုမြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှုကိုအသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်ဆိုတဲ့ အွန်လိုင်းသင်ယူမှုကို ပိုမို အရှိန်ကောင်းမွန်စေသော သို့မဟုတ် နှောင့်နှေးစေသော လက်တွေ့အရှိတရားပါပဲ။ လော့စ် အိန်ဂျလိစ် ယူနီဖိုင်းလို ဒေသကြီးတွေမှာ ကျောင်းသားထုရဲ့ ၂၅ ရာခိုင်နှုန်းအထိက သတ်မှတ်ထားတဲ့ ရက်သတ္တပတ်မှာ အဝေးရောက်သင်ယူမှုကို မဝင်ရောက်ကြပါဘူး။

ဒါ့ကြောင့် ဒေသများမှ တိုက်ရိုက်ထုတ်ပြန်တဲ့ လမ်းညွှန်ချက်ဟာ အင်မတန်ကွဲလွဲကြပါတယ်။ “အပြောင်းအလဲမရှိတဲ့ ဦးတည်ရာ တွေ့မိတယ် မထင်ပါဘူး” လို့အစိုးရပညာရေးတီထွင်ပြောင်းလဲမှုဌာနမှ အများပြည်သူသုံး ဒေသဆိုင်ရာသင်ယူမှုအစီအစဥ်များနှင့် ပတ်သက်သော အချက်အလက်ဘဏ်ကို ပြုစုသူ ခွဲခြမ်းစိတ်ဖြာလေ့လာသူသုတေသနပညာရှင် ရှောင် ဂေးလ်က ဆိုပါတယ်။ အသက်ပိုကြီးတဲ့ ကျောင်းသားများအတွက် “အနိမ့်ဆုံးဘက်မှာ တချို့ဒေသတွေက ၂ နာရီလို့ ဆိုကြတာ ကျွန်တော်တွေ့ရပြီး၊ တခြားဒေသတွေကတော့ ၄ နာရီလို့ ပြောတာ တွေ့ရတယ်။ ဒါဟာ ဖန်သားပြင်ကို တကယ်ကြည့်ရှုနေရတဲ့ အချိန်၊ သို့မဟုတ် တရားဝင် အကဲဖြတ်လေ့လာသုံးသပ်ချိန်၊ သို့မဟုတ် ပေးအပ်ထားတဲ့အလုပ် လုပ်နချိန် ကို ရည်ညွှန်းတာ ဖြစ်ပုံရတယ်။”

ကွဲလွဲတတ်မှုဟာ လူတိုင်းအတွက်တော့ အဆင်မပြေပါဘူး။ အထူးသဖြင့် အင်မတန်ပင်ပန်းနေတဲ့ အန်း ဗင်ဆန်ကဲ့သို့သော ဆရာ၊ဆရာမများနှင့်၊ တစ်ဖက်သတ်ဆန်တယ်လို့ သူတို့ယူဆနိုင်တဲ့ အချိန်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရာ တစ်နေ့ကို ၁၀ နာရီ အလုပ်လုပ်ရတဲ့နေ့တွေအကြောင်းတွေ ပလူပျံနေအောင် ကမ္ဘာလုံးဆိုင်ရာဆရာဆရာမများအစည်းအရုံးကဲ့သို့သော ဖေ့စ်ဘွတ်အဖွဲ့များမှာ ရေးသားကြတဲ့သူတွေအတွက်ပါပဲ။ သူတို့ထဲက တချို့ကတော့ သူတို့ရဲ့ စိတ်ပျက်မှုတွေကို “အလုပ်လျှော့လုပ်တာ အဆင်ပြေပါတယ်”လို့ သူတို့အတွက် ရိုးရှင်းတဲ့ စကားတစ်ခွန်းရှိတဲ့ ထင်ရှားတဲ့ ဆရာဆရာမများရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် “အဲဒီ့အိမ်စာကို လွှင့်ပစ်” ဆိုတဲ့ စာအုပ်ကို ရေးသားသူ အဲလစ်စ် ကီလာနှင့် မျှဝေပါတယ်။

“ဘယ်ကလေး၊ ဘယ်အတန်းမဆို၊ တစ်နေ့လုံးအတွက် ကျောင်းအလုပ်မှာ ၉၀ မိနစ်ထက် မပိုသင့်ပါဘူး။” လို့ ကီလာက ဆိုပါတယ်။ “ဒါဟာ ကျွန်မရဲ့ ကျောင်းချိန် ကိန်းဂဏန်းပါပဲ။ ဒါ ကျွန်မ စဥ်းစားတီထွင်ထားတာပါ။ ပြီးတော့ ရှင်တို့ ဘယ်ကိန်းဂဏန်းကိုပဲတွေ့တွေ့၊ ဒါဟာ တစ်ယောက်ယောက်က စဥ်းစားတီထွင်ထားတာပါပဲ။”

ယေဘုယျအားဖြင့် ကီလာမှန်ပါတယ်။ အဝေးမှသင်ယူမှုအစီအစဥ်တွေကို တီထွင်ဖန်တီးသူတွေတောင် အချိန်သတ်မှတ်ချက်များဟာ ပညာရှင်ဆန်စွာခန့်မှန်းမှုများထက် မဆိုစလောက်သာပိုနေပါတယ်။ ကျွမ်းကျင်ပညာရှင်အများစုက ယနေ့ခေတ် ကျောင်းတွေမှပြုလုပ်သော အဝေးမှသင်ယူခြင်းဟာ ရှေးရိုးစဥ်လာအွန်လိုင်းသင်ယူမှုနှင့် တူညီတာမရှိသလောက်ပါပဲ။ ဆိုလိုတာက အဲဒီပညာရပ်နယ်ပယ်မှာ လုပ်ထားပြီးသားသုတေသနတွေက သိပ်မဆက်စပ်ဘူးလို့ ဆိုကြပါတယ်။ နောက်ပြီး အသုံးပြုလို့ရမယ့် သုတေသနက အတည်ပြုထားတဲ့ လမ်းညွှန်ချက်များကတော့ ရှိတောင် ရှိမနေနိုင်ဘူးဆိုတာ အမှန်တရားပါ။ ဒါပါပဲ။

“စူးစိုက်လေ့လာမှုမှာ ကျောင်းသားကျောင်းသူတွေ ဖွံ့ဖြိုးမှုအတွက်သင့်တင့်လျောက်ပတ်အောင် အချိန်ဘယ်လောက်အသုံးပြုဖို့လိုမလဲဆိုတာကို တွေ့ဖို့ ရှာပြီးရင်း ရှာတယ်” လို့ ဘွိုက်စ်ပြည်နယ်ပါမောက္ခ ရိုက်စ်က ဆိုပါတယ်။ “ကျွန်တော်ပြောနိုင်တာက ဒါဟာ အင်မတန်ရှုပ်ထွေးတယ်ဆိုတာပါပဲ။”

ဒါကြောင့် သုတေသနကလာတာမဟုတ်ရင် ဒီအစီအစဥ်တွေက ဘယ်ကနေလာသလဲ။ ပြည်နယ်အများစုကတော့ အလုပ်လုပ်နေတဲ့ ဆရာဆရာမအုပ်စုများ၊ ကျောင်းသားကျောင်းသူများ၊ အချိန်နှင့်ပတ်သက်တဲ့ အကြံပေးထောက်ခံချက်များကို ပိုမိုကျယ်ပြန့်တဲ့ အဝေးမှသင်ယူခြင်းအစီအစဥ်ရဲ့ အစိတ်အပိုင်းအဖြစ်ဖန်တီးခဲ့သူများဖြစ်သော သင်ရိုးညွှန်းတမ်းကျွမ်းကျင်ပညာရှင်များနှင့် အုပ်ချုပ်ကြီးကြပ်သူများကို အစည်းအဝေးခေါ်ခဲ့ပါတယ်။ သူတို့ဟာ အသက်-အတန်း ကျွမ်းကျင်သူပညာရှင်များရဲ့ အကြံဉာဏ်ကို ရယူသုံးစွဲခဲ့ကြပြီး တခြားပြည်နယ်များက ချမှတ်ပြီးသားတွေကိုလည်း နည်းမှီခဲ့ပါတယ်။ ဒါဟာဘာကိုဆိုလိုသလဲဆိုလျှင် ၆ တန်းနှင့် ၁၂ တန်းအတွက် ၃ နာရီကြာချိန်ထားတဲ့ ကန်းဆပ်စ်ပြည်နယ်မှာလိုမျိုး လမ်းညွှန်ချက်များကို မတ်လမှာထုတ်ပြန်ခဲ့တဲ့ ပြည်နယ်တွေဟာ ကြီးကျယ်စွာလွှမ်းမိုးခဲ့ပါတယ်။

“နမူနာအချိန်ဇယားတွေကို ကျွန်မတို့ဖန်တီးတည်ဆောက်တဲ့အခါ ကမ္ဘာ့ကပ်ရောဂါကျရောက်ချိန်နှင့် ပတ်သတ်တဲ့ သာဓကတွေ တကယ်ကို မရှိခဲ့ပါဘူး”လို့ အိုကလာဟိုးမားပြည်နယ်ပညာရေးဌာနမှ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားရေးမှုး တစ်ဖနီ နီးလ်က ဆိုပါတယ်။ “ဒါကြောင့် ကျွန်မတို့ဟာ ဒါတွေကို နမူနာအနေနှင့် စီစဥ်ပေးပါတယ်။ ပြီးတော့ ဒီ အချိန်ညွှန်ကြားမှုကို အသုံးပြုတဲ့ ဒေသတွေနှင့် ကွဲလွဲတဲ့ အချိန်ညွှန်ကြားမှုကို အသုံးပြုတဲ့ ဒေသတွေကနေ ပြန်လည်ကြားသိရပါတယ်။

ပိုမိုကောင်းမွန်သော ချဥ်းကပ်မှု

ကွဲလွဲခြားနားကြပေမယ့် စံချိန်စံညွှန်းသတ်မှတ်ချက်တွေဟာ အိမ်မှာ မကိုင်တွယ်နိုင်လောက်ဖွယ် ရှည်လျားတဲ့ ရှေးရိုးစဥ်လာ ကျောင်းရက်များကို ပြန်လည်ဖန်တီးဖို့ အားမပေးပါချေ။ သို့သော်လည်း ရိုက်စ်က အခိုင်အမာပြောဆိုသလိုပဲ အွန်လိုင်းပတ်ဝန်းကျင်မှာ “အချိန်က ပြောင်းလဲနိုင်တယ်” ဆိုလျှင် ဒီစံချိန်စံညွှန်းသတ်မှတ်ချက်တွေဟာ သိပ်အသုံးဝင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်းသင်ယူမှုဟာ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ သင်ယူမှုအတွက်အသုံးပြုတဲ့ကြာချိန်ထက် အကြောင်းအရာ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် ပိုမိုဂရုစိုက်တဲ့အခါ အကောင်းဆုံးအလုပ်လုပ်ပါတယ်။

“သုတေသနကနေ ကျွန်တော်တို့ သိတာက ဥပမာဆိုရရင်၊ ကျောင်းသားရဲ့ အရည်အချင်းအပေါ်လိုက်ပြီး စာသင်ချိန်ဟာ ကွဲလွဲမှာပဲ။ ပြီးတော့ အိမ်စာလုပ်ချိန်ဟာလည်း ကွဲလွဲမယ်”လို့ ကန့်ပြည်နယ်တက္ကသိုလ်မှ K-12 အွန်လိုင်းသင်ယူမှုကို ၁၅ နှစ်မက လေ့လာခဲ့တဲ့ ပညာရေးဆိုင်ရာနည်းပညာပါမောက္ခ ရစ်ချတ်ဒ် ဖားဒစ်ဂ်က ဆိုပါတယ်။ “ဒါဟာ သူတို့ တစ်စုံတစ်ခုကို နားလည်သလား၊ သို့မဟုတ် သူတို့ ထပ်ဆောင်းအားဖြည့်ထောက်ပံ့မှုတွေလိုသလားဆိုတာနှင့်ပတ်သတ်ပြီး ဘယ်လောက်ကြာအချိန်ယူသလဲဆိုတာအပေါ် မူတည်ပါတယ်။ သူတို့ဟာ စာမေးပွဲအတွက် လေ့လာနေကြတယ်ဆိုရင် ကလေးအများအပြားဟာ ပိုမိုကြာရှည်စွာ လေ့လာချင်ကြတယ်။”
ဘာသာရပ်တစ်ခုစီအတွက် ကျောင်းသားကျောင်းသူတွေ အသုံးပြုရတဲ့အချိန်ပမာဏကို အတူတူညီအောင် ညှိတာ ယုတ္တိမရှိပါဘူးလို့ ဖားဒစ်ဂျစ်က ဆိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ချဥ်းကပ်ပုံကတော့ အကြောင်းအရာနှင့် စံသတ်မှတ်ချက်ကို ကိုင်တွယ်နိုင်တဲ့ အစိတ်အပိုင်းငယ်လေးတွေအဖြစ် ခွဲ့ခြမ်းလိုက်ခြင်းဖြစ်ပြီး တူညီတဲ့ အကြောင်းအရာဟာ ကျောင်းသားကျောင်းသူတစ်ယောက်စီကို အလုပ်ပြီးမြောက်ရန် မတူညီတဲ့ အချိန်ပမာဏကို အသုံးပြုစေမှာ ဖြစ်ပါတယ်။

ကိုလိုရာဒိုပြည်နယ် ကိုယ်ပိုင်သင်ရိုးဖြင့်ပြဌာန်းခွင့်ရှိတဲ့ အစိုးရကျောင်းကွန်ယက်မှ အထက်တန်းသိပ္ပံဆရာမ ဒန်နီယေးလ် စပရင်စတန်ကတော့ ဘာသာရပ်တစ်ခုစီအတွက် တစ်နေ့လျှင် ၃၀ မိနစ်ထက်မပိုရန် အကြံပြုထားသော ပြည်နယ်နှင့် ဒေသအမျိုးမျိုးရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး သူမရဲ့ ပုံမှန် မိနစ် ၆၀ စာ သင်ခန်းစာများကို အချိန်ထက်ဝက်လျှော့ချခဲ့ပါတယ်။ သူမရဲ့ ကျောင်းသားကျောင်းသူတစ်ချို့ကတော့ လက်ရှိ ကောလိပ်အတန်းတွေကို တက်ကြပြီး တခြားသူတွေကတော့ ကျောင်းပြင်ပ တာဝန်တွေရှိကြပါတယ်။ ဥပမာ မိသားစုကို ကူညီရန် အရေးကြီးတဲ့အလုပ်ကိုလုပ်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။

“ပိုမိုတိုတောင်းပြီး လိုရင်းကိုထိရောက်တဲ့ သင်ခန်းစာတွေဟာ အင်မတန်အရေးကြီးပါတယ်”လို့ သူမက ဆိုပါတယ်။ “အဲဒီလိုမှ မဟုတ်ရင် အဲဒီ့ကျောင်းသားဟာ အဝေးမှသင်ယူမှုကို လက်လျှော့လိုက်မှာပါပဲ”

ဘာသီစ်ဒါမှ ကျေးလက်ဒေသတစ်လျှောက်မှာ ဆရာဝန် ကယ်ရီပါကာရဲ့ တတိယတန်းကျောင်းသားကျောင်းသူများဟာ တစ်နာရီထက်ပိုအချိန်မယူကြဘဲ သူတို့ကို ပေးအပ်ထားတဲ့ အလုပ်တွေကို နေ့စဥ်ပြောင်းလဲကြပါတယ်။ မနက်တိုင်း သူတို့ရဲ့ ဆရာကို ခဏတာတွေ့ဆုံပြီး၊ နောက်မှာတော့ သချင်္ာနှင့် အရေးကို လေ့ကျင့်ကြပါတယ်။ အခုမှာတော့ သူတို့ဟာ ပါကာက သူတို့ကို ဖတ်ပြနေတဲ့ “ရှားလော့ရဲ့ ပိုးမျှင်အိမ်”စာအုပ်တစ်ဝက်ကို ရောက်နေပြီး သူတို့ မှတ်သားမိတာတွေကို အတန်းအတွက် မှတ်ချက်ပြန်ရေးနေကြပါတယ်။

သူတို့ ဒီထက်ပိုလုပ်နိုင်ပါတယ်လို့ ပါကာက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ စိတ်ဖိစီးစရာအချိန်ဖြစ်ပြီး သူတို့ကို များပြားလွန်းလှတဲ့ အလုပ်တွေနဲ့ မနိုင်မနင်းဖြစ်အောင် သူမ မလုပ်ဖို့ ပိုလိုလားပါတယ်။ “ကျွန်မ သူတို့ကို လုပ်ရမယ့် အလုပ်တွေရဲ့ စာရင်းအကုန် ချပြပြီး ဒီနားနည်းနည်း၊ ဟိုနားနည်းနည်းလုပ်ဖို့ မခိုင်းချင်ဘူး” လို့ သူမက ဆိုပါတယ်။ “နက်နက်နဲနဲ နှိုက်နှုိက်ချွတ်ချွတ် သိနားလည်နိုင်စွမ်းကို လိုချင်တယ်။ သူတို့ကို ကျွန်မ သဘောပေါက်နားလည်တတ်မြောက်သွားစေချင်ပါတယ်။”

ရေချယ်လ် ဘာစတိုင်းန်မှ သုတေသနကို ပါဝင်ပံ့ပိုးပေးပါသည်။

ဤအကြောင်းအရာသည် နိုင်ငံတလွှားမှာရှိသော ကျောင်းအဖွဲ့အစည်းများသည် သုတေသနနှင့် လက်တွေ့ကျင့်သုံးမှု မည်သို့မည်ပုံ ဆက်စပ်ပုံနှင့်ပတ်သက်သည့် အက်ဆက်ခ်ျသုတေသနစာစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ဤအကြောင်းအရာများကို ကျန် ဇူကာဘတ် ပဏာမခြေလှမ်း၏ ပံ့ပိုးမှုဖြင့် အများပြည်သူများ လက်လှမ်းမှီစေရန် ပြုလုပ်ထားပါသည်။ ပါဝင်သော အကြောင်းအရာများအားလုံးကို အက်ဆက်ခ်ျမှ တည်းဖြတ်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ (ကျွန်ုပ်တို့၏ ကျင့်ဝတ်များကို ဤနေရာတွင် ကြည့်ပါ။ဤဆောင်းပါးကို CC BY-NC-ND 4.0 ဖြင့် ခွင့်ပြုမိန့်ရထားပါသည်။

စတီဗင် နိုးနိုး (@stephenoonoo) သည် အက်ဆက်ခ်ျမှ K-12 အယ်ဒီတာတစ်ဦးဖြစ်ပါသည်။ သူ့ကို stephen@edsurge.comမှာ ဆက်သွယ်နိုင်ပါသည်။

မှတ်ချက်။ ။ဤဆောင်းပါးသည် အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာကို တိုက်ရိုက်ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။

Source: https://www.edsurge.com/news/2020-05-04-how-long-should-a-remote-school-…remote learning

Share:

Facebook
Twitter
Pinterest
LinkedIn
On Key

Related Posts

Registration NOW

Submitted by lam_admin on Sat, 03/28/2020 – 16:15 Registration OPENS NOW for 2020!

Online Program Starting Now

We are so excited to announce that Leading Asia Myanmar International School is going to start Online Program for 2020-2021 Academic year in December.  We

SCHOOL DAYS BEGIN

Today is very first day of the School. Today Leading Asia Myanmar’s Pre-KG, KG, Grade 1 and 2 students were enjoying their respective EAL classes,

အဝေးမှသင်သော ကျောင်းရက်တစ်ရက်ဟာ ဘယ်လောက်ကြာရှည်သင့်သလဲ။

ဤဆောင်းပါးသည် “မဖြစ်ပျက်ဖူးသော စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပညာရေး“ဟူသော အစီအရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အပတ်စဥ်တိုင်း အန်းန်း ဗင်ဆန်ဟာ သူမရဲ့ကျောင်းကလိုအပ်တဲ့ အဝေးမှသင်သော သင်ကြားမှုစာရင်းရှည်ကြီးမှာရှိတဲ့ အကြောင်းအရာတစ်ခုချင်းစီ ပြီးဆုံးကြောင်း အမှတ်အသားပြုရေးခြစ်ပါတယ်။ ပထမဆုံး သူမဟာ သူမရဲ့ ဒုတိယတန်းကျောင်းသားကျောင်းသူ ၂၂ ယောက် စာအသံထွက်ဖတ်ပြီး ဂိမ်းကစားတဲ့ နေရာဖြစ်သော လူမှုဆက်ဆံရေးအတွက်

Student Inquiry Form for Online Class

Open Now!